Thursday, July 17, 2014

그렇다 (V) ဂရော့ထာ အဲဒီလိုဖြစ်သည် ဆိုတဲ့ အဓိပ္ပါယ်ပါ အဲဒါကိုမှ သဒ္ဒါတွေနဲ့ ချိတ်ပြီး ဘယ်လို အဓိပ္ပါယ်ပြောင်းသွားတယ်ဆိုတာ ဆက်ကြည့်ပေးပါဦးနော်

1- 그렇게
ဂရော့ခဲ

(အဲဒီလို)

2- 그렇게까지
ဂရော့ခဲကာဂျီ

(အဲဒီလောက်ထိ)

3- 그렇게까지 할 필요없어!

ဂရော့ခဲကာဂျီ ဟာလ်း ဖီလယိုး အော့ပ်စော

အဲဒီလောက်ထိ လုပ်ဖို့ မလိုဘူး

4- 그렇게라도 ဂရော့ခဲရာဒိုး (အဲဒီလိုလေးပဲဖြစ်ဖြစ်) အသနားခံ အကူညီတောင်းခံရာတွင်လည်း သုံးပါသည်)

그렇게라도 날 좀 도와주면 안 돼?
ဂရော့ခဲရာဒိုး နာလ်း ဂျုံမ်း ဒိုဝါဂျူမျောန်း အန်ဒွယ်?

အဲဒီလိုလေးပဲဖြစ်ဖြစ် ငါ့ကို တဆိတ်လောက် ကူညီပေးလို့မရဘူးလားဟင်

ဟုတ်မှန်ကြောင်း ပြောချင်တဲ့အခါဆိုရင်

5- 그래(요)
ဂရယ်ယို

(အေး။ဟုတ်တယ်။ကောင်းပြီ)လို့ ပြောပါတယ်

6- 누가 그래(요)?

နူဂ ဂရယ်ယို

(ဘယ်သူ ပြောတာလဲ)

누가 그래?내 딸이 남자 친구와 도망갔다고..

နူဂ ဂရယ် နယ် တာလ်းရီ နမ်းဂျာချင်းဂုဝါ ဒိုမန်းဂါ့တာဂို

ဘယ်သူပြောလဲ ငါ့ သမီး လင်နောက်လိုက်ပြေးတယ်လို့

7- V+(으)라 그래(요)!
V+ပါလို့ ပြောလိုက်(ပါ) / V+ခိုင်းလိုက်(ပါ)

အဲဒီလိုမျိုး သူတစ်ပါးကို ခိုင်းစေ ညွန်ကြားတဲ့ အခါမှာ အသုံးများပါတယ်

빨리 오라 그래!

ပါးလိ အိုရာ ဂရယ်

အမြန် လာခိုင်းလိုက်

내가 가라 그랬어?

နယ်ဂ ဂါရာ ဂရဲ့စော

ငါ သွားခိုင်းသေးလို့လား

8- ကျွန်တော်တို့တွေ စကားပြောတဲ့အခါ ဟုတ်မှန်ကြောင်း ထပ်မံ အတည်ပြုတဲ့အခါ ဒီစကားကို ပြောကြတယ် မဟုတ်လား

그렇다니까

ဂရော့ထာနီးကာ

ဟုတ်ပါတယ်ဆိုနေမှ ....

그렇다니까 왜? 날 못믿어?

ဂရော့ထာနီကား ဝယ်? နာလ်း မိုးမိဒေါ?

ဟုတ်ပါတယ်ဆိုနေမှပဲ ဘာလဲ ငါ့ကို မယုံဘူးလား

9- တစ်စုံတစ်ခု ဟုတ်မှန်ကြောင်း ထောက်ခံတာလေးပါ
그럼...ဂရောမ် (ဒါဆိုရင်) ပုံမှန်အသံဖြင့် ပြောသည်

그럼! ဂရောမ်း (ဒါပေါ့) အသံမြှင့်ပြီး ပြောရသည်

그럼! 네가 잘했어

ဂရောမ်း နီဂ ဂျာလ်းရဲ့စော

ဒါပေါ့ မင်းတော်တယ်

10- တစ်ယောက်ယောက်ကို သေချာ အတည်ပြု စစ်ဆေးတဲ့အခါ သုံးပါတယ် မေးခွန်းမေးရာတွင်လည်း သုံးပါတယ်

그렇죠? ဂရော့ချို (ဟုတ်တယ်မလား) အသက်ကြီးသူကို ပြောတာပါ

그렇지? ဂရော့ချီ (ဟုတ်တယ်မလား)
ရွယ်သူ သူငယ်ချင်း ခင်မင်သူကို ပြောတာပါ

အခု တင်ပြပေးမယ့် စကားတွေကတော့ ရှေ့မှာ စကားတစ်ခွန်းကို အရင်ပြောထားပြီနောက် 그렇다 ကို ကိုယ်စားပြုကြိယာ အနေနဲ့ သုံးရတာကို ပြောချင်ပါတယ်ခင်ဗျာ

11- 그렇지 않아도

ဂရော့ချီ အန်နာဒိုး

(အဲဒီလို မဟုတ်ရင်တောင်) ဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်

가 :내가 그걸 사줄까?

နယ်ဂ ဂုဂေါလ်း ဆားဂျူလ်းကာ

ငါ အဲဒါ ဝယ်ကျွေးရမလား

나 :그렇지 않아도 내가 사달라고 얘기할 참이었어!

ဂရော့ချီ အန်နာဒိုး နယ်ဂ ဆာဒါလာဂို ယယ်ဂီဟာလ်း ချမ်းမိအော့စော

အဲဒီလို မဟုတ်ရင်တောင် ငါက ဝယ်ကျွေးခိုင်းတော့မလို့

12- 그렇다고 ...ဂရော့ထာဂို
အဲဒီလိုဆိုပြီး.....

내가 점심 사줄게.

နယ်ဂ ဂျောမ်ရှင်မ်း ဆာဂျူလ်းကယ်
ငါ နေ့လည်စာ ဝယ်ကျွေးမယ်

그렇다고 너무 비싼것 시키면 안 돼!

ဂရော့ထာဂို နောမူး ဘီစန်းဂေါ့ ရှိခီမျောန်း အန်ဒွယ်

အဲဒီလိုဆိုပြီး အရမ်း ဈေးကြီးတာတွေ မမှာနဲ့နော်
ဆိုလိုချင်တာက ငါ ဝယ်ကျွေးတယ်ဆိုပြီးတော့ ဈေးကြီးတာတွေပဲ မမှာစားနဲ့လို့ ပြောချင်တာပါ

13- 그럴수록... ဂရေားဆူးရို့
အဲဒီလို ဖြစ်လေလေ....

네가 공부 잘 못해서 다른 학생들이 널 깔보지?

နီဂ ဂုံဘူး ဂျာလ်း မို့ထယ်ဆော ဒါရွန်း ဟာ့ဆဲင်းဒူးရီ နော်လ် ကာလ်းဘိုဂျီ
မင်းက စာမတော်လို့ အခြား ကျောင်းသားတွေက မင်းကို ဝိုင်းပြီး နှိမ်ကြတယ်မလား

그럴수록 네가 공부 열심히 해서 실력을 보여줘야 돼!

ဂရော့ဆူးရို့နီဂ ဂုံဘူး ယောလ်ရှင်းမှိ ဟယ်ဆော ရှီးလယော့ဂူလ်း ဘိုယောဂျောရာ

အဲဒီလို ဖြစ်လေလေ မင်းက စာကြိုးစားပြီးတော့ အရည်အချင်းတွေ ပြရမယ်

ဆိုလိုတာကတော့ မင်းကို ဝိုင်းပြီး နှိမ်လေလေ အားမလျှော့ စိတ်မပျက်ဘဲနဲ့ စာကြိုးစားပါလို့ ပြောတာပါ

14- 그러다가 ဂရောဒါက
အဲဒီလိုနဲ့ (ဒီလိုနဲ့ပဲ)

야 할 말이 있으면 발리 말해

ယား ဟာလ်းမာလ်းရီ အိစုမျောန်း ပါးလိ မားရဲ
ဟေ့ကောင် ပြောစရာရှိရင် မြန်မြန်ပြော
그러다가 날이 새겠어
ဂရောဒါက နာလ်းရီ ဆဲဂဲ့စော

အဲဒါနဲ့ပဲ မိုးလင်းတော့မယ်

(ဆိုလိုတာက ပြောစရာရှိတာကို မပြောဘဲနဲ့ အချိန်ဆွဲနေတဲ့ လူကို ရွဲ့ ပြောတာပဲ ဖြစ်ပါတယ်)

15- 그런...(N)..အဲဒီလို N ဂရောန်

그런 사람 또 없습니다
ဂရောန် ဆာရမ် သိုး အော့်ပ်ဆွန်နီသာ

အဲဒီလို လူမျိုး နောက်ထပ် မရှိတော့ဘူး

နောက်ပြီးတော့ အဲဒီ 그렇다 ကိုပဲ ကျွန်တော့် စကားနဲ့ဆိုရင် ရှာရှာဖွေဖွေလို့ ပြောရမှာပေါ့ အသုံးအနှုန်းဆန်းလေး တစ်ခုပါ

16- 좀 그래요...ဂျုံးမ် ဂရယ်ယို
တစ်မျိုးကြီးပဲ

형인 내가 동생한테서 도움을 받아서 좀 그렇잖아

ဟယောင်းငင်း နယ်ဂ ဒုံးဆဲင်းဟန်းထဲဆော ဒိုအူမ်မူလ်း ဘာဒါဆော ဂျုံမ်း ဂရော့ချန်နား

အကို ဖြစ်တဲ့ ငါက ညီဆီကနေ အကူအညီ ယူရတော့ တမျိုးကြီးပဲ မလား?


KLFFW -မှာကူယူဖော်ပြသည်။

0 comments:

Post a Comment

စာပေချစ်သူများ

Sample Text

Powered by Blogger.

Popular Posts

Recent Posts

Text Widget